Monday, February 10, 2014

ဦးသိန်စိန်အစိုးရ၏ဆိတ်ကွယ်နသောတရားဥပဒေမဲ့ကျူးလွန်နေမှုများ


************************************************
အကြီးမားဆုံး၊ရက်စက်ဆုံး၊အကြမ်းတမ်းဆုံး၊အင်အားအလွန်အကျွံ့
သုံးပြီးဖျက်သိမ်းမှုသည်ဖေဖော်ဝါရီလ(၃)နံနက်၎နာရီပတ်ဝန်းကျင်အစ
ပြုပြီးလုံးထိန်းရဲကား(7)စီးဖြင့်နံပါတ်ဒုတ်၊ဒိုင်း၊ချပ်ဝတ်တန်ဆာ၊အပြည့်
အစုံဖြင့်သမီးလေးကျေးရွာကိုဝိုင်းပြီးနောက်ထောင်ကား(5)စီးရောက်ရှိ
လာပြီးနေရာယူပြီးနောက်၊မီးသတ်ကား၊ရေတပ်၊တပ်စည်ပင်၊နှင့်နေ့စား
ငှားရမ်းလာသောအလုပ်သမားများနှင့်အတူနယ်လုံဝန်ကြီးဗိုလ်မူးကြီး
တင်ဝင်းကအမိန့်စတင်ပေးကာနံနက်၆နာရီတွင်တဲတလုံးကိုစတင်ပြီး
မီးရှို့ဖျက်ဆီးခဲ့ကြောင်းမျက်မြင်သက်သေများကပြောကြားခဲ့သည်၊
vdoမှတ်တမ်းအထောက်အထားရှိကြောင်းမျက်မြင်များကပြောကြား
ပါသည်၊အောင်ဓမ္မဘုန်းတော်ကြီးကျောင်း၊ကူထူကိုယ်ထဆေးပေးခန်း၊
အရံမီးသတ်ရုံး၊သာသနာနုတ်ကဟအဆောက်အဦးနှင့်တွဲဘက်မူလ
တန်းကျောင်းနှင့်အတူအိမ်ခြေ၄၀၀ကျော်မှာရန်သူမျိုးငါးပါးတွင်
အဆိုးဝါးဆုံးဖြစ်သည်၊`ဦးသိန်စိန်အစိုးရ`မင်း`ဘေးကြောင့်သမီးလေး
ရွာမွန်းလွဲ ၁နာရီခွဲတွင်မီးရှို့ခြင်း၊တိုက်ခံအိမ်၊ခိုင်မာသောအိမ်များကိုဘိုဒူဇာဖြင့်
ထိုးပြီးအပြီးဖျက်ဆီးခဲ့ပါသည်အောင်ဓမ္မကျောင်းတွင်ရဟန်းသုံးပါး
နေစရာကျောင်းမရှိတော့သဖြင့်သံဃာ၂ပါးမှာအခြားကျောင်းတကျောင်းတွင်
ခိုလုံနေရကြောင်းကျန်ရစ်ခဲ့သောဦးဇင်းအာစရကမိန့်ကြားခဲ့ပါသည်
ထိုနေ့ကရွာသူသားများထမင်းတနပ်ငတ်ခဲ့ကြောင်းဦးဇင်အာစာရသည
်ဆွမ်းကပ်ခဲ့သော်လည်းမိမိရွာသားများထမင်းမစားရသောကြောင့်ဦးဇင်း
လဲဆွမ်းဘုန်းမပေးတော့ဘဲဆွမ်းတရက်ငတ်ခဲ့ကြောင်းသိရိုရသည်
ထိုဖျက်ဆီးခံရသောသမီးလေးကျေးရွာတွင်စစ်တပ်မှထိမ်းချုပ်ထားပြီး၊
ထင်းကောက်သွားသောရွာသားများကိုဗိုက်ထဲကျည်ဆံဝင်သွာချင်လို့လား
ဟုချိန်းခြောက်ပြောဆိုခဲ့သည်
သမီးလေးကျေးရွာတွင်လုံခြုံရေးတာဝန်ယူထားသောစစ်သားများသည်
ရွာဖျက်စဉ်ကကျန်ခဲ့သောကြက်ငှက်၊တိရိစ္ဆာန်များသတ်ဖြတ်ပြီး
သောက်စားမှုးယစ်နေကြောင်းရွာသားများကပြောကြားခဲ့သည်
လျှော်ကြေးမပေး၊နေစရာအစားလဲမပေးဘဲ(၁၈၉၄)မြေသိမ်းဥပဒေနှင
့်မညီညွတ်ဘဲသမီးလေးကျေးရွာကိုဖျက်စီးခဲ့ခြင်းသည်အစိုးရက
သမီးလေးကျေးရွာသူကျေးရွာသားများအပေါ်နိုင်လိုမင်းထက်ပြု
ကျင့်ခဲ့သည်မှာထင်ရှာနေသဖြင့်အခွင်အခါရလာသောတနေ့တွင်
ပြည်သူတရားစီရင်ရေးရုံးကိုအရောက်ပို့ရမှာဖြစ်ကြောင်း။
ကျွနုပ်တို့ပြည်သူတွေစိတ်ဝယ်၊တူဖြစ်တုံးထုထားအုံးပေါ့......
ပြန်လေတဲ့ငှက်ခါးနားမှသိမယ်ဟု
စိတ်မှာထင်မှတ်နေရင်း..............

ကျော်လွင်2:59 pm

https://www.facebook.com/kyaw.lwin.165685/posts/257018361126443

Credit : Kyaw Lwin 


ရွာဖျက်ခံလို့ ဘုန်းကြီးကျောင်းမှာ ကပ်နေတဲ့ သမီးလေးကျေးရွာသားတွေကို အစိုးရက ဘုန်းကြီးကျောင်းကနေ ဖယ်ရှားခိုင်းနေတယ်လို့ ကျောင်းထိုင် ဘုန်းတော်ကြီးက မိန့်ကြားပါတယ်။ ရန်ကုန်တိုင်းအတွင်းက တပ်ပိုင်မြေမှာ သမီးလေးကျေးရွာတည်တာဟာ ကျူးကျော်ဆောက်လုပ်တယ်ဆိုပြီး လွန်ခဲ့တဲ့ရက်ပိုင်းက အင်အားသုံး ပြီးအိမ်ခြေတွေကို ဖျက်ခဲ့ပါတယ်။ ကျောင်းပရ၀ုဏ်ထဲမှာ ကျောင်းသားနဲ့ ကျောင်းသားမိဘ စုစုပေါင်း ၂၀၀ လောက် ခိုလှုံနေကြပြီး ကျောင်းသားရှိတဲ့ မိသားစုဝင်တွေကိုတော့ စာသင်နှစ်ပြီးဆုံးသည်အထိ နေထိုင်ခွင့်ပြုထားပါတယ်။ ကျောင်းသားမရှိတုဲ့ အိမ်ထောင်စုတွေကိုတော့ ၇ ရက်အတွင်း ထွက်ခွာပေးဖို့ သက်ဆိုင်ရာ အကြောင်းကြုားစာ ပေးပို့ထားပါတယ်။အိမ်ဖျက်ခံရသူတွေက ပဲခူးမြို့ရှိ အလံနီဆည်အနီး ဘုန်းကြီးကျောင်းမှာ သွားရောက်
မှီခိုနေရတာပါ။ သူတို့ကို ဘုန်းကြီးကျောင်းမှာ မခိုလှုံခင်တုန်းက ရန်ကုန်တိုင်းကနေ ဖယ်ပေးရသူတွေဟာ ပဲခူးတိုင်းအတွင်းကို ၀င်ရောက်ပြီး လမ်းနဘေးမှာ တဲထိုးနေကြပေမယ့် ပဲခူးတိုင်းဒေသကြီးအစိုးရရဲ့ ရဲတပ်ဖွဲ့နဲံ စည်ပင်ဝန်ထမ်းတွေက ဖယ်ခိုင်းရာကနေ နောက်ဆုံး ဒီဘုန်းကြီးကျောင်းမှာ ခိုလှုံကြတာပါလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ကျောင်းထိုင်ဘုန်းတော်ကြီးကတော့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကို ဆက်လက်ခိုလှုံခွင့်ပြုဖို့ သက်ဆိုင်ရာကို တင်ပြမယ်လို့လည်း မိန့်ကြားပါတယ်။ လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်းကတော့ ဒီမြေတွေဟာ အရင်တုန်းက စီးပွားရေးသမားတွေက တရားမ၀င် ၀ယ်ယူကာ ဆင်းရဲသားတွေကို အခမဲ့ လာနေဖို့ပေးခဲ့ကြောင်း။ အဲဒီနောက် ရပ်ကွက်တည်ပြီး တရားဝင်မြေ ဖြစ်အောင်ကစားခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် မြေယာအရေး ဆောင်ရွက်သူတွေ ဆင်းရဲသားတွေ မီဒီယာတွေက အသုံးချ ခံလိုက်ရတဲ့ အကောင်းဆုံး သင်ခန်းစာကြီးအဖြစ် သူက ရည်ညွှန်းပြောဆိုခဲ့ပြီး ကြားထဲက ဆင်းရဲသားတွေက ခံလိုက်ရတယ်လို့ သုံးသပ်ခဲ့ပါတယ်။

Credit : DVB

No comments: