Thursday, February 13, 2014

ABSDF အက်ကြောင်း သမိုင်း


ရဲမြင့် ရေးလိုက်တဲ့စာက ကျွန်တော်တို့  ယနေ့ ၂၅ နှစ် နားမလည်ခဲ့တဲ့
ကျောင်းသား ၂ အုပ်ကွဲရတဲ့ သမိုင်းဘဲ ။
ဒီအက်ကြောင်းနဲ့ အတူ လိုက်သွားတဲ့ ကျောင်းသား တော်လှန်ရေးကြီး ပျက်စီးစေခဲ့တာပေါ့ကွာ ။အဖြေရသွားပါပြီ ။ ပြန်ကူးပြီး တင်မယ် ။ အသံတွေ နားထောင်မယ် ။၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ရသလောက် ညီညွတ်အောင် ရေးပေးရမယ် ။
စက်တင်ဘာလ အာဏာသိမ်းပြီး နယ်စပ်စခန်းတွေက နေပြီး ကျောင်းသားကိုယ်စားလှယ်တွေ ၃ လ အကြာ နိုဝင်ဘာလမှာ ပြန်လည်တွေ့ ဆုံကြတာ နိုဝင်ဘာလပါ ။ကျွန်တော်ကတော့ ဒညတ-ဦးအောင်သူငယ်ချင်း ဦးပြေသိန်း စခန်းမှာ ပြည်တွင်းဝင်မဲ့ လူငယ်တွေနဲ့ နပန်းလုံးနေရပါတယ် ။
နယ်စပ်မှာ ကျက်စားတဲ့ တိုင်းရင်းသားတွေနဲ့  ပြည်တွင်းကလာတဲ့ ဥက္ကဌပေါင်းစုံ ကို ဆက်ဆံရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖက်ကိုလည်း နားလည်သင့်ပါတယ် ။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် ကြာသာပတေးနေ့ထုတ်မှာပါတဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည် "မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၆ ကို ပြန်လည်ခြေပချက် ။

Ye Myint သုံးသပ်သည် ။
ကိုထွန်းအောင်ကျော်ရဲ့ "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့်
ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၆ " ဟာ အဲ့ ဒီတုံးက စခန်းတွေတည်ရှိတဲ့  ဒေသ ကိုအခြေခံပြီး အာဏာလွန်ဆွဲမှု၊ လူပုဂ္ဂိုလ်တွေရဲ့  စရိုက်အတိုင်း နိုင်ငံရေးကစားမှု၊ နယ်မြေခံမဟာမိတ်ရဲ့  မကဒတကို ထိမ်းချုပ်ဖို့ ကြိုးစားမှု၊ မရှက်နိုင်လောက်အောင် ဗြောင်ကြီးကို အာဏာရူးရောဂါ ပူးဝင်သူတွေ ထကြွလာမှု၊ အုပ်စုခွဲ ဂိုဏ်းခွဲ စတင်ပေါ်ပေါက်လာမှုတွေကို ထင်ထင်ရှားရှား မှတ်တမ်းတင်ထားတာပါ။ ဒီသတင်းတွေကို တယ်လီဖုံးနဲ့ တချိန်လုံး ကြားနေရတဲ့  မဲဆောက်မှနေခဲ့ တဲ့ ကျနော်တို့ မှာတော့ စိတ်ဓါတ်ကျလို့ မဆုံးဘူး၊ ဒါကြောင့်  ကျနော်နဲ့ သူငယ်ချင်းအရင်း ၅၀ လောက်ဟာ
မကဒတ က ချစ်ရတဲ့  သူငယ်ချင်းတွေနဲ့  စိတ်မကောင်းစွာ ခွဲခွါပြီး လက်နက်ကိုင်တော်လှန်ရေး တခြားနည်းတမျိုးနဲ့ လုပ်ဖို့ လမ်းစဉ်ချခဲ့ပါတယ်။ နောက်ဆုံးတော့ VBSW ပေါ်လာတာပါဘဲ၊

သံလွင်ဦးသုထစခန်း၌ အရေးပေါ်ညီလာခံ ကျင်းပခြင်း
အရေးပေါ်ညီလာခံမကျင်းပမီ မဲဆောက်တွင်နေသော ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုကိုဦးတို့ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့အမီ ညီလာခံတက်ရောက်ရန် အကြောင်းကြားခဲ့သည်။ ကိုဝင်းမိုးက “ဒီဘဲတွေလည်းပြုတ်မှာပဲ၊ သွားမနေပါဘူး” ဟု သရော်သည်ဟု ကြားသိရသည်။ သူတို့သုံးယောက်က မဲဆောက်တွင် အိမ်ငှားနေပြီး ဆေးကျောင်းသား ကိုအောင်နိုင်နှင့် သူ့ချစ်သူမြိုင်တို့က ဆေးခန်းဖွင့်ထားသည်။ ကိုအောင်နိုင်တို့ ဆေးခန်းသည် ယနေ့နာမည်ကျော် ဒေါက်တာစင်သီယာမောင်၏ဆေးခန်းထက် စောစီးစွာ ဖွင့်ခဲ့သည့်ဆေးခန်းဆိုက မမှားချေ။ သူတို့နှင့်အတူ သူတို့နောက်လိုက်များ၊ သူငယ်ချင်းများ၊ သေ့ဘောဘိုး စခန်းတွင် မနေနိုင်၍ မြို့တက်လာသောကျောင်းသားများ လာနေကြသည့်အတွက် လူအင်အား ၅၀ ကျော်ခန့် ရှိသည်။ ထို့ပြင် ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦးနာမည်ဖြင့် ကေအင်န်ယူကို ပုတ်ခတ်တိုက်ခိုက်ထားသည့်စာကို ထုတ်ပြန်ပြီး မဲဆောက်မြို့တွင် ဖြန့်ဝေခဲ့သဖြင့် ကေအင်န်ယူမှ သူတို့သုံးဦးကို နယ်မြေဖြတ်သန်းခွင့် ပိတ်ခဲ့သည့်စာကို ကရင်နယ်မြေတွင် စာထုတ်ပြီး ထားခဲ့သည်အထိ တင်းမာနေခဲ့သည်။
ကိုထွန်းအောင်ကျော် စာထဲမှာ
၁။ တာဝန်များကို လုံးဝလျစ်လျူရှုခဲ့ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)၂။ အဖွဲ့အစည်းအတွင်း ညီညွတ်ရေးကို ထိခိုက်စေခဲ့ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ) ၃။အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းနှင့်မဟာမိတ်တို့ကြားနားလည်မှုလွဲမှားရန်ပြုလုပ်ခြင်း။(ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၎။ ဘန်ကောက်နှင့်မဲဆောက်တို့တွင် လှည့်လည်သွားလာ၍ ကျောင်းသားများအား ထောက်ပံ့မှုများနှင့် အလှူငွေများကို အလွဲသုံးစားပြုလုပ်ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၅။ အဖွဲ့အစည်းဂုဏ်သိက္ခာကျစေသော လွဲမှားသည့်သတင်းအချက်အလက်များကို သတင်းထောက်များကို ပြောကြားခြင်း။ (အာကာစိုးနောင်အမှုတွဲ)
၆။ တာဝန်မှရှောင်ခွာပြီး ကျောင်းသားရန်ပုံငွေများကို ခိုးယူသွားခြင်း။(ရခိုင်ကျော်ထင်အမှုတွဲ)
၇။ ဒီမိုကရေစီတော်လှန်ရေးကို သစ္စာဖေါက်ဖျက်၍ စစ်အာဏာရှင်အစိုးရကို ဆက်သွယ်ပြီး အေဘီအက်စ်ဒီအက်ဖ်အကြောင်း လိမ်ညာပြောဆိုခြင်း။ (အာကာစိုးနောင် အမှုတွဲ)
ထို့ကြောင့် အထက်ပါအချက်များကြောင့် ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး၊ ကျော်ထင်၊ ဝမ်ဟုတ်၊ အာကာစိုးနောင်တို့ကို အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းမှ ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း ကြေညာချက်ရေးသားပြီး ဗဟိုကော်မီတီနှင့် တက်ရောက်လာသော စခန်းကိုယ်စားလှယ်များက လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့သည်။

Ye Myint ၀င်းမိုး အောင်နိုင် ကိုကိုဦးတို့ ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့  ချုပ်ရဲ့  အာဏာမသိမ်း ခင်ဆုံးဖြတ်ချက်နဲ့  ဗကသ က လွှတ်လိုက်တဲ့  သုံးဦးပါ။ မြေပေါ်မှာ ကိုပေါ်ဦး၊ ကိုကိုကြီး၊ ကိုမိုးသီးဇွှန် စသည်ဖြင့် ကျန်ခဲ့ ပြီး နိုင်ငံရေး ဆက်လုပ်မယ်။ ၀င်းမိုး အောင်နိုင် ကိုကိုဦးတို့  က တကယ်လို့ စစ်တပ်အာဏာသိမ်းရင် လက်နက်ကိုင်တော်လှန်းရေးနဲ့ လဲ ခုခံဘို့ ကြိုတင် စီစဉ် စည်းရုံးဘို့  KNU နယ်မြေကို လွှတ်လိုက်တဲ့ သူတွေပါ၊ သူတို့ မှာ ဗကသ Mandate ပါပါတယ်၊

Ye Myint တကယ်တန်းသေ့ဘောဘိုးစခန်းလဲ ရောက်ရော ဗကသကိုယ်စားလှတွေကို ဒေသအလိုက် လူတန်းစားအလိုက်အခြေပြုတဲ့  အုပ်စုတွေနဲ့  KNU က တန်းညှိထားလိုက်ပါတယ်၊ နောက်ပြီး KNU က ဖြစ်ပေါ်လာမဲ့  ကျောင်းသားအခြေပြု လက်နက်ကိုင်တပ်ဦးကို လုံးဝချုပ်ကိုင်ထားဘို့ စီစဉ်နေပါတယ်။ ဘာကြောင့် လဲဆိုတော့  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေကို မျက်ကွယ်ပြုထားတဲ့  အနောက်နိုင်ငံကြီးများဟာ တောခိုကျောင်းသားတွေဆီ ချက်ချင်းဆိုသလို သူတို့ လူတွေကိုလွှတ် ပြီးဆက်သွယ်လာလို့ ပါဘဲ။ ကျောင်းသားတပ်ကို သူတို့  တတ်နိုင်သလောက် လက်နက် ရိက္ခာ ဆေးဝါး လိုသလို ထောက်ပံ့မဲ့ အကြောင်းပြောလာပါတယ်၊ မဟာမိတတွေဟာ အဲ့ ဒီနိုင်ငံခြားအကူအညီတွေကို ထိမ်းချုပ်လိုပါတယ်။ကျနော်ဘာကြောင့် သိသလဲဆိုတော့  ကျနော်က အကြီးဆုံး ကျောင်းသားစခန်းဖြစ်တဲ့  သေဘော့ဘိုးမှာ အဲ့ ဒီတုံးက နိုင်ငံခြားဆက်ဆံရေးအနေနဲ့  စကားပြန်တောက်လျှောက်လုပ်ပေးခဲ့ ရလို့ ပါ။
Ye Myint ကိုကိုဦးက လေ့ကျင့်ဘို့ လက်နက်ငယ်တွေ အရင်ဆုံးလို အပ်နေတယ်ပြောလို့ အမေရိကန်တယောက်ဆို M-16 အလက်ခြောက်ဆယ်လောက် ထိုင်းဘက်ကမ်းကနေလာပို့ ပေမဲ့  မဟာမိတ်လက်ထဲ အရင်ထဲ့ မိတော့  အဲ့ ဒီသေနတ်တွေ ပျောက်ခြင်းမလှပျောက်ဆုံးသွားပါတယ်၊ နယ်မြေခံမဟာမိတ်က ချုပ်ကိုင်ဘို့ ကြိုးစားလေလေ ဗကသ ကျောင်းသားအုပ်စုက (ကျနော်လဲပါတယ်) ချုပ်ထိမ်းမှု မခံရအောင် ကြိုးစားလေလေပါဘဲ။ နောက်ဆုံး လျို့ ဝှက်ဆွေးနွေးကြပြီး လွပ်လပ်ဒေသ (Independent Area) တခုကို မွန်လဲမပိုင် ကရင်လဲမပိုင်တဲ့  တောတောင်ဒေသတခုခုကို ပေးဘို့ ဒေသခံမဟာမိတ်ကို တောင်းဆိုခဲ့ ပါတယ်။ ဒေသခံမဟာမိတ်ကလည်း ဦးနုရဲ့  ပြည်ချစ်တပ်တွေနဲ့ ဖြစ်ခဲ့တဲ့ ပြသနာတွေကို ကြုံခဲ့ ဘူးတော့  ဒီတောင်းဆိုချက်ကို ချက်ချင်းပယ်ချပြီး ခေါင်းဆောင်သူ သုံးဦးဖြစ်တဲ့  ၀င်းမိုး အောင်နိင် ကိုကိုဦးတို့  သုံးယောက်ကို ဗိုလ်ချုပ်မူတူး လက်မှတ်နဲ့ သေဒဏ်ပေးကြောင်းလူသိရှင်ကြား ထုတ်ပြန်ခဲ့ ပါတယ်၊ သေဘော့ဘိုးမှာလဲ အရပ်ဝတ် တပ်မဟာခြောက် ထောက်လှမ်းရေးတွေက ကျနော်တို့ ကို စောင့် ကြည့် နေပါပြီ၊ ဒါနဲ့ ကျနော်တို့ အားလုံး မဲဆောက်ကို ရွှေ့ကြဘို့  အရေးပေါ်စီစဉ်ရတာပါ။ အရင်ဆုံးပြေးတာကတော့ ကျနော်ပါ၊ စကားပြန်လုပ်တော့  အားလုံးကို အသေးစိတ်သိတားတော့  ကျနော့်မှာ အန္တရာယ် ပိုရှိနိုင်တယ်လို့ ယူဆပြီး မွန်ကုန်သည် ကိုရွှေပြည့် တို့ အကူအညီနဲ့ ပြေးတာပါ။ ထိုင်းဘက်ကိုကူးတဲ့ ကြိုးတံတားကို မဟာမိတ်တပ်စု တခုနဲ့ ပိတ်ပစ်လိုက်လို့  ဖြတ်လို့ မရပါဘူး၊ ဒါနဲ့  သောင်ရင်းမြစ်ရဲ့ ရေတိမ်နဲ့ နေရာဖြစ်တဲ့  သေဘော့ ဘိုး ဘုန်းကြီးကျောင်းနားကနေ ကျနော် လက်ပစ်ဖြတ်ကူးပြီး သွားတာပါ။ ဒါနဲ့  ကိုထွန်းအောင်ကျော်မှတ်တမ်းတင်သလို မဲဆောက်မှာ လူအနဲဆုံး ၅၀ လောက်နေတဲ့  ၀င်းမိုး အောင်နိုင် ကိုကိုဦးတို့  အိမ်ဆိုတာ စဖြစ်လာတာပါ။

Ye Myint ကိုထွန်းအောင်ကျော်တို့က အဲ့ဒီပြသနာတွေ ကြိတ်ပုံးရော ဗြောင်ရော ဖြစ်နေကြတာ ညီလာခံ ပြီးတဲ့ အထိမသိဘူး၊ ဒီကြားထဲ တင်မောင်ဆန်းနဲ့ ခင်ဇောဦးဆိုတဲ့  နှစ်ယောက်ကလည်း တထောင့် ကမီးသကျည်။ အတော့ ကို စိတ်ဓါတ်ကျခဲ့ ရတဲ့  အချိန်တွေပါ။
ကိုရဲမြင့် ဆိုသူ ဘယ်သူလဲ ။
( ယ္ခုအခါ အမေရိကန်တွင် ဒေါက်တာဘွဲ့ ယူရန် စာတမ်းရေးနေပါသည် )
ကိုအောင်သန်းသည် အသားညိုညို ခပ်ဖိုင့်ဖိုင့် အရပ် ၅ ပေ ၄ လက်မ ခန့်ရှိပြီး နှုတ်ခမ်းမွှေး စစနှင့်ဖြစ်သဖြင့် သူ့ကို နှုတ်ခမ်းမွှေးအောင်သန်းဟု သိကြသည်။ အရက်ကြိုက်သဖြင့် မင်းကြီးအောင်သန်းဟု လည်းခေါ်ကြသည်။ <<<< ကျနော့် Memoir မှာ ကိုအောင်သန်းကြီးကို "မဟာမင်းကြီးအောင်သန်း" လို့  ခေါ်ထားတယ်၊။ အဲ့ ဒါ အကြောင်းရှိတယ်။ ကိုအောင်သန်းကြီး ဟာ နောက်ဆုံး သူလဲ တောထဲလိုက်လာပြီး ABSDF မှာ သူတတ်နိုင်သလို တာဝန်ယူခဲ့ ပါတယ်။ သူလဲ ခံစားချက်တွေကို အရက်နဲ့ ဖြေရင်း အရက်ကြောင့် အကြွေစောခဲ့ ရပါတယ်။ သူနဲ့ ကျနော် ၈၇ လောက် ကတည်းကသိတာ။ ကျနော်က ကြည့်မြင်တိုင်က အုပ်စု ( ကျော်သိုက် (ဗကသ CEC ကျဆုံး၊ နာမည်ရင်း စိုးနိုင်) ၊ သုတအောင် (1991 သေဒဏ်ပေးခံ ရ၊ ယခု ကျဆုံး) ၊ သက်နိုင်ဦး AKA ပြာလောင် (ကျဆုံး)၊ သူရ AKA ၀ကြီး (ကျဆုံး) ၊ စိုးနိုင်ရဲ့ ညီ ၀င်းနိုင် (ယခုပြည်တွင်း) ) နဲ့ အများဆုံး တိုင်းပြည်အခြေအနေတွေကို ၁၉၈၇ လောက်ထဲ က လက်ရည်ဆိုင်ထိုင်ရင်း သွားဆွေးနွေးလေ့ ရှိတယ်။ သိပ်အရေးကြီးတဲ့ ကိစ္စဆို ဂစ်တာတီးကြစို့ ဆိုပြီး ကျနော်ရယ် ရွေဘကြီးရယ် ဦးဆောင်ပြီး ဂစ်တာစုတီးပြီး တကဲ့ အရေးကြီးတာတွေကြတော့ ပြောရတယ်။ အပြင်ကလူတွေ ကတော့  လူငယ်တစု ဂစ်တာတီး သီချင်းဆိုနေကြတယ် ပေါ့။ ကိုအောင်သန်းကြီးကလည်း ပန်းတဉ်းတန်းကဆို တော့ ကျနောတို့နဲ့ မျက်မှန်းတန်းမိတယ်။ နောက် နဲနဲခင်လာတယ်။ ကျနော်တို့ အထဲ မှာ သုတအောင် ဟာ နိုင်ငံရေး ကျမ်းအကြေဆုံးဘဲ။ ကိုအောင်သန်းကြီးက ကျနော်တို့ နဲ့  လက်ဖက်ရည်ဆိုင်လိုက်ထိုင်ချင်တယ်။ သူပါရင် သုတအောင် က ၂၅% လောက်ပဲ ဆွေးနွေးလို့ မှာထားတယ်။ ဘာကြောင့် လဲဆို တော့ ကိုအောင်သန်းကြီး က မူးရင် ဟောင်ဘွာ ဟောင်ဘွာ အရပ်ထဲမှာ လုပ်တတ်လို့ 
ဒါနဲ့ အတိုချုံးပြောရရင် ၈၈၈၈ ကြီးဖြစ် နောက် ဗကသ ကို ကိုပေါ်ဦး က ဥက္ကဌ ကိုကို ကြီး က ဒုဥက္ကဌ စသည်ဖြင့် တင် ပြီး Main Campus ထဲမှာ ညီလာခံ ကြီုးလုပ်ပြီး ဖွဲ့ ။ ဦးလှရွေ (ယခင် ဗကသ ခေါင်းဆောင်ကြီး) က ဗကသအလံ တော် လွှဲအပ်။ ဗကသဗဟိုကို လသာ အထက ၂ မှာ လုပ်တယ် ။

Ye Myint ကျနော် က နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီမှာ လုပ် ပေါ့ ။ အဲ့ ဒီမှာ ကျနော်တို့ ဇာတ်လိုက်ကြိး ကိုအောင်သန်း က ပင်နီတိုက်ပုံကြီးနဲ့  ကချင်ပုဆိုးကြီး ၀တ်ပြီးရောက် ချလာရော။ သူ့ ရဲ့ အောင်မြင်လှတဲ့ လေသံကြီး နဲ့ နိုင်ငံရေးစကားတွေ ချွေပါလေရော။ ကျနော့် စိတ်ထဲ မှာ မြတ်စွာဘုရား ရေ မိတ်ဆွေကြီး ကိုအောင်သန်းတော့ ရောက်ချလာပါပြီ ကော ပေါ့ ။အားလုံး ကိုယ့် တာဝန်တွေနဲ့ ကိုယ်ပြာနေတာဘဲ။ အရပ်ဖက်အုပ်ချုပ်ရေး ကလြဲပိုကျနေတော့  ကျောင်းသားသမဂ္ဂတွေနဲ့  ရဟန်းပျိုများသမဂ္ဂ တွဲ ပြီး အများအားဖြင့် အုပ်ချုပ်ရေးလုပ်ခဲ့ ရတယ်။ ဒီမှာ ကျနော့ ဇာတ်လိုက်ကြီး ကိုအောင်သန်းက သူလဲ တာဝန်တခု ယူမယ်။ ဒါဘဲ လို့ အပြတ်ပြောချလိုက်ရော။ ကျနော်တို့  လည်း နဲနဲစဉ်စား ရကျပ်နေတယ်။ ဒါနဲ့  ကျနော့ ကို သူငယ်ချင်းတွေက မင်းနဲ့ သူငယ်ချင်းဘဲ မင်းဘဲ ကြည့် စီစဉ်ပါဆိုတော့ ၊ ကျနော် ထပ်အကြပ်ရိုက်ပြန်ရော၊ ဒီအချိန်မှာ လသာအထက ၂ ရှေ့ သံတံခါးပေါက်ကြီးမှာ အိုးမဲ့ အိမ်မဲ့  ဆင်းရဲသားမျာ၊ တောင်းရမ်းစားသောက်ရသူများ၊ စသည်တို့ က လာပြီး အရေးဆိုနေတယ်။ လူအုပ်ကြီးနဲ့ ။ သူတို့ မှာ အရေးအခင်းကြီးကြောင့်  တောင်းရမ်းစားသောက်လို့ လဲ မရတော့ ပါဘူး၊ အိုးမဲ့ အိမ်မဲ့  မို့  အထင်မှာပြီး လူထုက အဖမ်းခံရမှာ ကြောက်တယ်လို့ သနားစရာ တင်ပြကြတယ်။ ကျနော်သွားပြီး သူတို့ ပြောတယ်။ ဒါဆိုရင် ခင်ဗျားတို့ အတွက် မှတ်ပုံတင် လို သဘောမျိုး စာရွက်တရွက်စီ ဗကသ တံဆိပ်တုံးနဲ့  ပေးမယ်။ စာမှာ "ယခု ဒီစာရွက်ကို ကိုင်ဆောင်ထားသူသည် အိုးမဲ့ အိမ်မဲ့  ဆင်းရဲသူတဦးဖြစ်သည်။ ကူညီကြပါ။ လို့ ဆိုတဲ့ " သဘောမျိုးစာတစောင် ချက်ချင်း လက်နှိပ်စက်နဲ့ ရိုက်။ ကော်ပီ ရာနဲ့ ချီကူးယူပြီး ၊ တံခါးဝမှာ စားပွဲတလုံးနဲ့ ကုလာထိုင်တလုံးချ၊ သူတို့ ကို တန်းစီခိုင်းပြီး ၊ ခဏစောင့် နေ၊ နောက် တယောက်လာမယ်လို့  ပြောထားခဲ့ တယ်၊ ကျနော် အထဲပြန်ဝင် ပြီး ကတ္တူစက္ကူ ပြားကြီးကို သုံးချိုးချိုးပြီး အပေါ်မှာ "အောင်သန်း ၊ ဗကသ အထူးတာ ၀န်ခံ "လို့  စာလုံးကြီးကြီးနဲ့ ရေးပြီး စားပွဲလေးပေါ်မှာသွားတင်ပေးထားပြီး ၊ ကျနော့ ဇာတ်လိုက်ကျော်ကြီး ကိုအောင်သန်း ကြီးကို ကဲ ကိုအောင်သန်း ဒါလုပ်ပေးပါလို့ ဆိုတာ့  သူလည်း "အောင်သန်း ၊ ဗကသ အထူးတာ ၀န်ခံ " ဆိုတာကို မနော ခွေ့ သွားတယ်။ ဒါနဲ့ သူနဲ့  အိုးမဲ့ အိမ်မဲ့ ဆင်းရဲသားတွေ ၊ တောင်းရမ်းစားရတဲ့  သူတွေ ဂိတ်ဝမှာ တရုံးရုံးပေါ့ ၊ ရုပ်ရှင်ရုံ လက်မှတ်တိုးနေကြသလိုဘဲ။ ဒါနဲ့ သူ ခနလည်း နားရော ကျနော် နောက်ဆိုင်းပုတ်တခု ကဗျာကသီရေးတယ် "အောင်သန်း ၊ ဗကသ ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး " လို့ ။ အရင်က ထောင်ထားနဲ့ ဆိုင်းပုတ်နဲ့ သူမသိအောင် သွားလဲထားတယ်။ ဒါနဲ့  သူလဲ မဟာမင်းကြီးဘွဲ့ ရသွားရှာတယ်။ တောထဲထိ မင်းကြီးအောင်သန်း လို့ ဘဲ သိကြတယ်။

ကျောင်းသားထု ပြန်လည်ညီညွတ်ရေး အတွက်
ရေးသားတင်ပြမည့် အကြောင်းအရာ အားလုံးကို ဖိတ်ခေါ်ပါသည် ။

ဌေးတင့်
နယ်သာလန် ။

No comments: