Thursday, February 6, 2014

ပြင်သစ် အစိုးရက ဒေါ်လာ သန်း ၆ ထောင် တန်ဖိုးရှိတဲ့ ဆင်စွယ် တန်ချိန် ၃ တန်ကို အခမ်း အနားနဲ့ ဖျက်ဆီး ပစ်တော့မှာ


ပြင်သစ် အစိုးရက တရားမဝင် မှောင်ခိုမှုကို တိုက်ဖျက်ဖို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ရှိတာကို ပြသတဲ့ အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၆ ထောင် တန်ဖိုးရှိတဲ့ ဆင်စွယ် တန်ချိန် ၃ တန်ကို အခမ်း အနားနဲ့ ဖျက်ဆီး ပစ်တော့မှာ ဖြစ်ပါတယ်။

Charles de Gaulle လေဆိပ်မှာ ဖမ်းဆီးမိခဲ့တဲ့ ဆင်စွယ်တွေကို အီဖယ်မျှော်စင် အနီးမှာ ပြင်သစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။

တရားမဝင် ဆင်စွယ်တွေကို လူသိရှင်ကြား မီးရှို့ဖျက်ဆီးဖို့ စီစဉ်တာဟာ ဥရောပနိုင်ငံတွေထဲမှာ ပြင်သစ်နိုင်ငံက ပထမဆုံး ဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း ဆင်ကောင်ရေ နှစ်သောင်း နှစ်ထောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

မှောင်ခို ဆင်စွယ်တွေရဲ့ အကြီးမားဆုံး ဈေးကွက်ကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/world/2014/02/140206_france_ivory.shtml

No comments: