Monday, February 17, 2014

ကမန် လူဦးရေ စစ်ဆေးရန် တောင်းဆို

(ကမန် လူဦးရေ စစ်ဆေးရန် တောင်းဆို)
ရခိုင်ပြည်နယ်နှင့် မြန်မာပြည် တ၀န်းနေထိုင်သော ကမန်တိုင်းရင်းသား ဦးရေမည်မျှရှိသည်ကို စစ်ဆေးပေးရန် စစ်တွေမြို့မိ မြို့ဖများက ယခုလ ၁၄ ရက်နေ့က နိုင်ငံတော် သမ္မတထံ စာရေးတင်ပြ တောင်းဆိုလိုက်သည်ဟု သိရသည်။

ယခုအခါ ဘင်္ဂလီလူမျိုးများက ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားကဒ်များကို လိမ်လည်ကိုင်ဆောင်ပြီး ရန်ကုန်မြို့သို့ ခိုးဝင်နေကြသဖြင့် ကမန် ဦးရေမှာ မူလစာရင်းထက် အထူး ဖေါင်းပွနေသည်ဟု သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ထိ ပြည်သူ့အင်အား ဦးစီးဌာန ခန့်မှန်းတွက်ချက်မူအရ ကမန်တိုင်းရင်းသား လူဦးရေမှာ ရခိုင်ပြည်နယ်တွင် စုစုပေါင်း ၈၉၂၁ ဦးရှိကြောင်း သိရသည်။

အတည်မပြုသော စာရင်းအရ ယခုအခါ မြန်မာနိုင်ငံတွင် ကမန်လူဦးရေမှာ (၂) သိန်းအထိ တိုးပွားနေကြောင်း သိရသည်။

သောင်းဂဏန်းသာရှိသော ကမန် လူဦးရေမှာ ယခုအခါ သိန်းဂဏန်းထိ တိုးလာသဖြင့် ၎င်းမှာ မှားယွင်းမူ တစ်ရပ်ဖြစ်နေသည်ဟုဆိုကာ စစ်ဆေးပေးရန် စစ်တွေမြို့မိ မြို့ဖများက ထိုသို့ စာရေး တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

http://www.narinjara.com/burmese/?p=9383

No comments: