Monday, February 17, 2014

အင်အားတွေ စည်းလုံးခဲ့ရင်


 
 
အင်အားတွေ စည်းလုံးခဲ့ရင်
********************

မြိတ်သူ တွေ အရမ်းချောတာတဲ့ ရုပ်ရှင်မင်းသမီး မေသန်းနုဆိုတာ မြိတ်ကတဲ့ ပြောကြပြန်တော့ ပီတိ တွေ ဖြစ်ပီး ဘာမှမဆိုင်ပဲ အလကားနေရင်း ဘဝင်တွေ လေဟပ်မိလိုက်တာ။
မြိတ်သားတွေ မခေ ဘူးတဲ့ ရုပ်ရှင်မင်းသား လွှင်မိုး ဆိုရင် မြိတ်က တဲ့ ပြောကြပြန် တော့လည်းငိုရခက် ရယ်ရခက်ပဲဗျ။ မှတ်မိကြဦးမလား မလားသိဘူး။၂၀၁၀ ရွေးကောက်ပွဲတုန်းက ယုဇန ဦးဌေးမြင့် တို့ များ မဲဆွယ်တုန်းက ကိုလွှင်မိုး ကြီးတစ်ယောက်လည်း ဦးဌေးမြင့် အတွက် မဲကူဆွယ်ပေးဖူးတယ်။

မှတ်မှတ်ရရ ပြောရ ရင်
အဲဒီအချိန်တုန်းက NLD ဆိုရင် လက်ချိုးရေ တွက် လို့ ရ တယ်။ကျွန်တော် လို ခပ်ညံညံ လူတွေက လည်း ပါတီ ဆိုတဲ့ စကားလုံးကို ဆာလောင်ငတ်မွတ်နေကြသူတွေလေ။လူပြိန်းနားလည်အောင်ပြောရ ရင် ဘုန်းကြီးရူး နဲ့ လေရူး
တွေ့ ကြတာပေါ့ဗျာ။

၁၉၉၀ ကတည်း က မထိတွေ့ ရတာနှစ်ပေါင်းကြာပီတော့လည်
သွားရောက် နားထောင်သေးတယ် သာကေရပ် က ဦးတင်ယု အိမ်မှာပေါ့။လာတဲ့ လူတွေက ဦးဌေးမြင့် ပြောတာ နားထောင်ချင်တဲ့ လူက နည်းနည်း မင်းသားကြီးဦးလွှင်မိုးကို မြင်ဖူးချင်သူတွေများများဆိုတော့ ပွဲစည်တော့ဗျာ။ဦးဌေးမြင့်က "မြိတ်သူ မြိတ်သူများ ခင်ဗျား တစ်ယူနစ် တစ်ရာကျပ်ဖြင့် မီးမလင်း ခြင်ဘူးလား။တစ်ယူ နစ် တစ်ရာကျပ် လို ချင် ရင် ကျွန်တော်ကို မဲ ထည့်ပါ "ရွှီး ဖြောင်း ဖြောင်းးး လက်ခုပ်သံများ ။

အခုတော့ ကိုလွှင်မိုးကြီးလည်း ခရီးသွားနေသည်။၂၀၁၅ ကျရင် ပြန်လာမည် သူ့ နဲံ့အတူ ဦးဌေးမြင့် တစ်ယောက်လည်း ပြန်လာနိုင်ပါသည်။ဒီနေ့ အချိန်အထိ ပြည်သူ တွေ မီတာခ ဈေးကြီးပေးသုံးနေရဆဲ ကျောက်မီးသွေးဆိုလည်း မအေးနှစ်ခါနှာ ကိန်းဆိုက်နေ၏ သို့ သော် ဒီတစ်ခါ လာလျှင် အခါနှောင်းနိုင်ပါသည်။
ကြံခိုင်ရေး ပါတီအနေဖြင့် ဒေသတွင်းပြိုင်ဘက်သည် အရက်ကလို မဆလ အမွေခံ တစည ပါတီတစ်ခုတည်းမဟုတ် သောကြောင့် သူတို့ ၏ အားနည်းချက် အားသာချက်များကို ပြင်ဆင်ထားမည်မှာ သေချာပါသည်။သူတို့ ထဲတွင် လည်း သူရ ဦးအောင်ကို တို့ လို ပြုပြင်ပြောင်းလဲရေးဝါဒီ ရွက်ပုန်းသီးများ ရှိနေတတ်သည်။ ဒီမိုကရစ်တစ်ပ်ါတီမြန်မာလည်း ဖျက်မြင်း စားရင်ထဲတွင်ရှိသည် သို့ သော် သူ တွင် လူထု နှလုံးသားကို ဆုပ်ကိုင်နိုင်သော အင်အားနဲ့ လုပ်ဆောင်ချက်များ ရှိမလာသေး။ မြိတ်တိုင်းရင်းသားများ ပါတီမပေါ်ပေါက်လာခြင်းက ကျေးဇူးတင်မိသည်။ထိုအတော အတွင်း NLD သည် ပြည်သူ တို့  မျော်လင့်ချက်နဲ့  နှလုံးသားကို ဆုပ်ကိုင်နိုင်မည် ဆိုပါဦး၂၀၁၅ Elelection သည် မည်မျှ တရားမျှတနည်း အခြားတစ်ဖက်တွင် တစ်သီးပုဂ္ဂိုကလ များ ဝင်ပြိုင်မည်နိုင်သည်ဟု စကားသံသဲ့သဲ့ ကြားရပြန်သည်။
ထိုသို့ ပြောရခြင်းသည် အခြားရည်ချက်ဖြင့်မဟုတ်ပါ မလိုအပ်ပဲ မဲများ ဆုံးရှုံးနစ်နာသွားနိုင်သည်

သို့ သော် လူထု ၏ နားနှင့် အမြင်ကို ပိတ်၍ မရပါ နှလုံးသားကို လိမ်၍ မရပါ။

ယခင်ထက် အင်အားတွေ မဖြုန်းတီးရန်ကျွန်တော်တို့ အလေးထားရမည်
အတိုက်ခံအင်အားစုများ ညီညွတ်ရန်လိုအပ်ပါသည်။
သို့ မှသာ မိမိတို့ ပြည်သူများ မဲများသည် အလေလွှင့်မရှိ စုစည်းထားနိုင်မည်။

ဒေသတွင်း လျှပ်စစ်မီး ပြသနာ ကျောက်မီးသွေးနှင့် မောတောင်နယ်စပ်အရေး အလုပ်ကိုင်အခွင့်လမ်းတို့ သည် လာမည့် ရွေးကောက်ပွဲအတွက် မဟာဗျူဟာကျသော မဲဆွယ်သည့် အချက်အလက်များဖြစ်နိုင်သည်ဟု မြိတ်ဒေသရှိ နိုင်ငံရေး အသိုင်းဝိုင်းက ရှူမြင်ထားကြသည်။

အမှန်တကယ်မှာ ဒေသတွင်း ရှိ ပြည်သူများ လိုအပ်သည်မှာ အမှန်တရား နှင့် မကြောက်တရား မိမိတို့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ အာမခံချက် ရှိရေးအတွက် အရေးပါနေပြီး ပြည်သူ ကို ကွာကွယ်ပေးမည့် အပြောထက် အမှန်တကယ် အလုပ်လုပ်သော ပြည်သူ့ ကိုယ်စား ပြည်သူ ရှေ့ မှ မားမားမတ်ရပ်တည်သော ပြည်သူ ၏ ခံစားချက်ကို အမှန်တစ်ကယ် နားလည် သော ပြည်သူ့ ကိုယ်စားလှယ် စင်စစ်များသာလျှင် လူထု က လိုအပ်သည်။

** ဆရာကြီးအထာဖြင့် ရေသားခြင်းမဟုတ်ပါ လာမည့် အချိန်ကာလအတွင်းတွင် မိမိတို့  လူငယ် အတိုက်ခံအင်အားစုများ စည်းလုံးသထက် စည်းလုံးသွားရန် သာဖြစ်ပါသည်။

ရိုသေလေးစားစွာဖြင့်

မြို့ စောင့်တပ်

No comments: