Wednesday, February 5, 2014

အသွင်ကူးပြောင်းရေးကာလအ တွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့တို့ ယခင် ထက် ပိုမိုနီးကပ် စွာပူးပေါင်း လုပ်ဆောင် သွားမည်

အသွင်ကူးပြောင်းရေးကာလအ တွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့တို့ ယခင် ထက် ပိုမိုနီးကပ် စွာပူးပေါင်း လုပ်ဆောင် သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် အဖွဲ့တွေ့ဆုံမှုထုတ်ပြန် ချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်အဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီနှင့် ကိုမြအေးတို့ ငါး ဦးသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုမှာ လွတ် လပ်ရေးနေ့တွေ့ဆုံမှု၏ နောက်ဆက်တွဲ လည်းဖြစ်သည်ဟု ၈၈ မျိုးဆက်အဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာ တွင် ရေးသားထား သည်။

၈၈မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့မှ ကို ဂျင်မီက ပိုမိုနီးကပ်စွာလုပ်ဆောင်မည့် အချက်များကိုမူ ကြေညာချက်တစ် စောင်ထုတ်ပြန်မည်ဖြစ်ပြီး လာ မည့် ဖေဖော်ဝါရီလ ဒုတိယ ပတ်အတွင်း ထုတ်ပြန်ပေးသွား မည်ဟု ပြောသည်။

ယင်းအတွက် မည်သည့်ကိစ္စရပ် များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းသွား မည်ကိုမူ လက်ရှိတွင် ပြောကြားနိုင်ခြင်း မရှိသေးဘဲ ကြေညာချက်၌သာ တိကျ စွာဖော်ပြပေးသွား မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

သုတလင်း

Credit : Popular Myanmar News Journal

No comments: