Wednesday, February 5, 2014

သူတို့ ထိတော့ နာတတ်လိုက်ကြတာ

 

မန္တလေးတိုင်း ဝန်ချီးဂျုပ်ယာဉ်တန်း ဆွဲမှိုင်းဖြင့်အတိုက်ခံရလို့
စစ်တပ်အကူအညီဖြင့် တရားံခံများကိုဖော်ထုတ်နိုင်ရန်စီစဉ်နေတယ်
လို့ဖတ်လိုက်ရတော့ (၂၀၁၃ ၊ မေလ ၊ ၃၀ ရက် ) နေ့ကဖြစ်ပျက်ခဲ့တဲ့
ဒီပဲယင်းလုပ်ကြံမှု ကြီးကို နာကျင်ကြေကွဲစွာသတိယလိုက်မိပါတော့တယ် ။
သြော် .... စစ်ဗိုလ်ချုပ်ကြီးတွေရယ်
ယောင်္ကျားရင့်မာကြီးတွေဖြစ်ပါလျှက်နဲ့ ၊ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်း
တောင်မပါတဲ့ လူထုရဲ့ခေါင်းဆောင် ၊နိုင်ငံတကာကတောင်လေးစားတန်ဖိုး
ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေကိုရက်စက်ယုတ်မာ
လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာ ခင်ဗျားကြီးတို့ မှတ်မိကြအုံး
မှာပေါ့ ။
ရဟန်းရှင်လူ ၊ ကျောင်းသားပြည်သူ ၊ တိုင်းရင်းသားလူမျိုးစုတွေအားလုံး
ရဲ့ ရင်ထဲမှာ အဲ့ဒီသမိုင်းအမဲစက်ကြီးကိုဘယ်လိုလုပ်မေ့ပျောက်နှိုင်မှာလဲ။
မေ့ပျောက်နိုင်မဲ့ ရက်စွဲဟာ မြန်မာနိုင်ငံအတွက်မရှိလာနှိုင်သလို ၊ မရှိနှိုင်မဲ့
ရက်စွဲထဲမှာလည်း အဲ့ဒီအာဏာရှင်စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ယုတ်မာလုပ်ကြံမှု
နောင်တတွေဟာ သူတို့ကိုအမြဲခြောက်လှန့်နေမှာသေချာပါတယ် ။
ခင်ဗျားတို့ အလှည့်ကျတော့ ချက်ချင်းတရားခံဖော်ထုတ်နိုင်ဖို့ စစ်တပ်
အကူအညီ နဲ့ စီစဉ်နေကြပီလား ။
မြန်မာနိုင်ငံရဲအကြီးမားဆုံး လူမဆန်စွာရက်စက်ယုတ်မာခဲ့တဲ့ ဒီပဲယင်း
လုပ်ကြံမှုကြီးနဲ့ ငါးလောင်းပြိုင်လူသတ်ပစ္စည်းတွေယူသွားတဲ့ အမှုတွေကို
ကျတော့ စစ်တပ်အကူအညီနဲ့ တရားခံများကိုချက်ချင်းဖော်ထုတ်အရေးယူဖို့
ခင်ဗျားတို့ တွေ ဘာကြောင့် မပြုလုပ်ခဲ့တာလဲ ။ ရူးချင်ယောင်ဆောင်မသိ
ကျိုးကျွန်ပြုနေရတာလဲ ။
အဖြေကတော့ရှင်းပါတယ်လေ
အဲ့ဒီ ဒီပဲယင်းလုပ်ကြံမှုနဲ့ ငါးလောင်းပြိုင်လူသတ်မှုဟာ .... သန်းရွှေနှင့် ယခင်
စစ်ဘက်ဆိုင်ရာအကြီးအကဲများရဲ့ လူမဆန်စွာရက်စက်ယုတ်မာမှု ဖြစ်နေလို့
ပါပဲ ။ သူတို့ကိုယ်တိုင် ယုတ်မာရက်စက်ခဲ့တော့ တရားခံကဖော်လို့မရဘူး
ဖြစ်နေတာပေါ့ ။
ဒီပဲယင်းလုပ်ကြံမှု နဲ့ ငါးလောင်းပြိုင်လူသတ်မှု အပါအဝင် မတရားရက်
စက်ယုတ်မာလုပ်ကြံမှုတွေတိုင်းမှာ လုပ်ကြံပါဝင်သူတွေ ကိုယ်တိုင်အတွက်
သူ့တရားက သူတို့ကို စီရင်သွားပါလိမ့်မည် ။
မင်းတို့စစ်အာဏာရှင်တွေတစ်နေ့ ၊ အဲ့ဒီအကြွေးတွေပြန်ပေးဆပ်ရမယ် ။

No comments: