Monday, February 17, 2014

သာသနာကိုဒင်းတိုဘယ်လိုထိမ်း

နည်းဗျူဟာ
၂၀၁၅လည်းတဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ အသွင်ပြောင်းအာဏာရှင်တို့၏ ယုတ်မာသော လုပ်ရပ်များကလည်း တဖြည်းဖြည်းအကွက်စိတ်လာသည်ကို သေသေချာချာလေ့လာကြည့်လျှင်တွေ့ရမည်ဖြစ်သည်။  ဘာသာရေးအဓိကရုဏ်း များဖန်တီးပြီး တဖွဲ့နှင့်တဖွဲ့သတ်ဖြတ်နေကြသည်ကို ဘေးမှ ဒူးနှံ့ထိုင်ကြည့်ပြီး နောက်ဆုံးတွင်မှ သူတို့ကပဲ လူတွေအား လုံးအတွက်ဝင်ကယ်တင်ယောင်လုပ်သလိုလို အရှက်မဲ့ကြွားဝါမှုတွေကိုတွေ့ရမည်ဖြစ်သည်။  ရွေးကောက်ပွဲမဲအနိုင်ရစေ ဘို့မတရားလုပ်နိုင်ရန်အတွက် ကဒ်အဖြူများကို အတင်းထုတ်ပေးပြီး သူတို့ကို မဲ့ပေးဘို့လုပ်ခဲ့တာမျိုးကို မေ့ထားပြီး အ တိုက်အခံတွေအာဏာရလာလျှင်ဖြင့် မြန်မာနိုင်ငံကြီး ဘာသာပြောင်းသွားတော့မယောင်ယောင် လေသံလဲလွှင့်လာပြန် သည်။  သာသနာကိုဘယ်လောက်မြတ်နိုးသည့်အစိုးရလဲဆိုတာကို သံဃာ့အရေးအခင်းတွင် သံဃာတော်များကို ရက် စက်စွာအကြမ်းဖက်ခဲ့ခြင်း၊ လက်ပန်းတောင်အရေးကိစ္စတွင် သာသနာ့အထိမ်းအမှတ်တခုကို မပျက်စီးစေရေးအတွက် ထိမ်းသိမ်းစောင့်ရှောက်ရန်အတွက်ကြိုးပမ်းနေကြသော သံဃာတော်များအပါအဝင်အေးချမ်းစွာဆန္ဒပြနေသူများကို မီးလောင်ဗုံးများဖြင့်မညှာမတာတိုက်ခိုက်ခြင်းတို့ဖြင့်လဲ သာသနာကိုအလေးထားကြောင်းပြခဲ့သည်။  ထိုသို့လုပ်ခဲ့ကြသူ များဖြစ်နေသည်ကိုသိလျှက်နှင့် သူတို့၏လက်ပါးစေအရိုးအရင်းကိုက်သာသနာအရေခြုံတို့က ထိုသူများခိုင်းစေသည့် အတိုင်း ဘာသာရေးမုန်းတီးရန်နှင့် လူမျိုးရေးအဓိကရုဏ်းများ ဖန်တီးပြီး သူတို့အရှင်သခင်များ၏ မစင်အနံ့အတွက် အမြှီး နန့်ကာနေကြသည်။  ထိုသာသနာ့အရေခြုံပြီး အမျိုးဘာသာသာသနာစောင့်ထိမ်းရေးအတွက်ဆိုကာ မစင်အတွက် အမြှီး နန့်နေသူများက သာသနာအတွက်၊ အမျိုးဘာသာအတွက် အဘယ်မျှ အလေးထားကြသည်ကို သတိထားကြည့်ရှုရန်လို ပေသည်။  လူထုခံစားနေရသောဝေဒနာများ၊ မတရားမှုများအတွက် ရပ်တည်ထောက်ပြဝေဖန်နေသူများကိုတော့ ဟော ပြောပွဲပိတ်ရသည်နှင့်အနှောင့်အယှက်အဖုံဖုံပေးရသည်နှင့်လုပ်လေ့ရှိသော မသမာကောင်မင်းသားခေါင်းဆောင်းဘီလူး သဘက်များက သာသနာ့အရေခြုံပြီး မြတ်စွာဘုရား၏တရားတော်များကို ခြေနှင့်နင်းခြေဖျက်ကာ သတ်ဖြတ်မုန်းတီးရေး ဟောပြောနေသည့်သူများကိုတော့ ကြိုက်သလိုဟောပြောခွင့်များပြုရုံမက အကူအညီများလည်း ထိုက်ထိုက်တန်တန် ပေး တတ်ကြသေးသည်။  သူတပါးအသက်မသတ်ပဲမေတ္တာတရားရှေ့ရှုရန်ဟောကြားတော်မူသည့် မြတ်စွာဘုရားသခင်၏ အ ဆိုအမိန့်များကို မထီမဲ့မြင်ပြုပြီး ဓါးကိုင် ရက်ရက်စက်စက်ခုတ်ဖြတ်သတ်နေသူအယောင်ဆောင်များက ပြည်သူ့အတွက် အကာအကွယ်ပေးရမည်ဖြစ်သော်လည်း ဘာမှညွှန်ကြားချက်မရ၍ဘာမှမလုပ်ပဲ ငုတ်တုတ်ထိုင်ကြည့်ကြသည့် ရဲများရှေ့ တွင် လူ့သားအချင်းချင်း ခုတ်ထစ်သတ်ဖြတ်အရှင်လတ်လတ်မီးရှို့လုပ်နေသည်ကို ဖမ်းဆီးခြင်း၊ ဟန့်တားခြင်းမလုပ်ခဲ့ ခြင်းတို့ကပင် ထိုသာသနာအရေခြုံများနှင့် ယခုအစိုးရအကြားအဘယ်မျှ ပူးပေါင်းလုပ်ဆောင်နေကြသည်ကို ထင်ရှား စေ ခဲ့သည်။ 
အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ထိမ်းသိမ်းရေးဆိုသူ သူတပါးမစင်ဖြင့်အသက်ရှင်ကြသူတို့က သာမညဆရာတော် ကဲ့သို့ဆရာတော်ကြီးများ၏ရုပ်ကလာဘ်ကိုပင် ဇော်ဂျီဖိုဝင်သားဆိုပြီး မီးကင်စားဘို့အတွက် ဗုံးခွဲလုယူသွားသူတို့၏ အ စေအခိုင်းခံပြီး ထိုသူများပြောရာလိုက်လုပ်နေခြင်းမှာ သာသနာကို အလွန်ထိခိုက်စေသည်။  သာသနာ့သားတော် ရဟန်း ရှင်လူများကို မီးလောင်တိုက်တွင်း၊ ပစ်ခတ်သတ်ဖြတ်မှုလုပ်သည့် ဒီအစိုးရဆိုသူမသမာကောင်များအတွက် အလုပ်လုပ် ပေးနေခြင်းကပင်လျှင် သာသနာဖျက်ဆီးရေးကို ထိုသူများမည်မျှ စီမံချက်ပြည့်ပြည့်ဝဝနှင့် လုပ်ဆောင်နေသည်မှာ ထင်ရှား လှပါသည်။  ထိုသို့သာသနာ့အရေခြုံ၊ အမုန်းစိတ်ဓါတ်ရိုက်သွင်းပြီး၊ သာသနာကိုစော်ကားဖျက်ဆီးနေသည့် အမျိုးဘာသာ သာသနာထိမ်းသိမ်းရေးဆိုသော အရေခြုံများကို ဆွမ်းကပ်လှူမှုရပ်ဆိုင်းခြင်း၊ ထိုသူများကို ကျဉ်ဖယ်ခြင်းတို့မလုပ်ကြပဲ နှုတ်ဆိတ်နေကြလျှင် မိမိတို့အားလုံး တစိတ်တဥာဏ်တည်းဟု သတ်မှတ်ခံရလာစရာ၇ှိပါသည်။  ထိုသို့သာသနာ့ အရေခြုံ ပြီးသာသနာတော်ကို ဖျက်ဆီးရန်လုပ်နေကြသူများကို  ဖယ်ရှားပြီး အနှစ်သာရရှိသော သာသနာ ထိမ်းသိမ်း စောင့်ရှောက်ရေးကို လုပ်ကြမှသာလျှင် သာသနာတည်ငြိမ်အဓွန့်ရှည်မည်ဖြစ်ပါသည်။    (အညတြ)

No comments: