Monday, February 17, 2014

၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၈)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။


ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနှိုင်ပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း တို့မှာ အများအားဖြင့် သာယာပါ့တယ်။ ဘင်္ဂလား ပင်လယ်အော် နဲ့ တောင်တရုတ် ပင်လယ်ပြင် တို့မှာ မုန်တိုင်းဖြစ်နှိုင်ခြေမရှိပါ။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။ မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိနှိုင်ပြီး၊ တနင်္သာရီ ကမ်းရိုးတန်း နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁)ပေခန့်၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၂)ပေခန့်၊ နဲ့ ကျန်မြန်မာ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၃)ပေမှ(၄)ပေခန့် ရှိနှိုင်ပါတယ်။

ညအပူချိန်များအခြေအနေ ။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း နဲ့မြောက်ပိုင်း၊ တို့တွင် ညအပူချိန်များဟာ 9°C - 12°C ခန့်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တို့တွင် ညအပူချိန်များဟာ 13°C - 15°C ခန့်၊ ကျန်ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာ ညအပူချိန် များဟာ 16°C - 21°C ခန့်ရှိနှိုင်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။ မြန်မာပြည် တ၀ှမ်းလုံး ဒေသများမှာ မိုးတိမ်တောင် များ ဖြစ်ပေါ်နှိုင်မှုမရှိပါ။

မိုးရွာသွန်းမှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နဲ့ ရှမ်းပြည်နယ်မြောက် ပိုင်း တို့တွင် မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပြီး၊ ရွာရန်သေချာမှု (၆၀%)ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ် တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနှိုင်ပြီး၊ ကျန်တပြည်လုံးတွင် အများအားဖြင့် သာယာနိုင်ပါတယ်။

မြူကျရောက်နှိုင်မှုအခြေအနေခန့်မှန်းချက်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် နံနက်ပိုင်း အချိန်အခါ များတွင် မြူအနည်းငယ် ကျဆင်းနှိုင် ပါတယ်။

ဒေါက်တာထွန်းလွင်

No comments: