Friday, February 7, 2014

ဦးရွှေမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ကြံ့ခိုင်ရေးပါတီရုံးချုပ်တွင် စစ်ဆေးခဲ့ရာ အေးအေးဆေးဆေး ဖြစ်သွားပြီ ဖြစ်ကြောင်း ဦးရွှေမောင်က ထုတ်ဖော်ရေးသားလာခဲ့သည်။ ဦးရွှေမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သမ္မတ ဦးသိန်းစိန်၏ သ၀ဏ်လွှာ ရောက်ရှိလာပြီးနောက် ဦးရွှေမန်းက ဦးရွှေမောင်ကို (၂)ကြိမ်တိုင်တိုင် ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည့် ညွှန်ကြားချက်များ ပေးခဲ့ကြောင်း ဦးရွှေမောင်က ရေးသားဖော်ပြခဲ့သည်။ ၄င်းနောက် လွှတ်တော်အပြီး ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်၌ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှု ပြုလုပ်မည် ဖြစ်ကြောင်းလည်း ၄င်းက ဖော်ပြခဲ့သည်။ ဦးရွှေမောင်သည် အေးအေးဆေးဆေး သဘောမျိုးဖြင့် ဘာမှမဖြစ်ကြောင်း သတင်းစကားကို ယနေ့မွန်းလွဲပိုင်းတွင် ပြုံးနေသော ဓါတ်ပုံဖြင့် လူမှုကွန်ရက် စာမျက်နှာ၌ တင်လာခဲ့ရာ စုံစမ်းစစ်မေးမှုအခြေအနေများထက် စုံစမ်းစစ်မေးမှု မတိုင်မီ လှုပ်ရှားဆောင်ရွက်ချက်များက စိတ်ဝင်စားဖွယ်ရာ ကောင်းနေကြောင်း သိရှိရသည်။ ထိုသို့ လေ့လာသူများက ဦးရွှေမန်းအနေဖြင့် ဦးရွှေမောင်ကို (၂)ကြိမ်တိုင် ခေါ်ယူတွေ့ဆုံခြင်း၊ ညွှန်ကြားချက်များ ပေးသည် ဟု ဆိုထားခြင်း တို့ကြောင့် ယခင်အစိုးရလက်ထက် နံပတ်(၃)ခေါင်းဆောင်အနေ ဖြင့် မည်သို့သော ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးခဲ့ဖွယ် ရှိသည်ကို သိရှိလိုကြောင်း ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။ "ဦးရွှေမန်းက ပါတီ ဥက္ကဌ၊ ဦးရွှေမောင်က ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်။ ဒီတော့ သူတို့က တစ်ပါတီတည်းပဲ။ ဒီကိစ္စမှာ သမ္မတ သ၀ဏ်လွှာ ဆိုရင် လွှတ်တော်မှာ ဖတ်ပြရမှာ။ ဒါကိုလည်း ဖတ်ပြတာ မလုပ်ဘူး။ ပြီးတော့ ဦးရွှေမောင်နဲ့ နှစ်ကြိမ်တွေ့ဆုံပြီး ညွှန်ကြားချက် ပေးတယ် လို့ ရေးထားတယ် ဆိုတော့...စဉ်းစားစရာက ဘာတွေ ညွှန်ကြားတာလဲ။ နောက်တစ်ချက်က သူတို့ တွေ့ချိန်မှာ ဘယ်သူတွေ ပါသေးလဲ။ နှစ်ယောက်တည်းလား။ ဒါလည်း မရှင်းဘူး။ ဦးရွှေမန်းအနေနဲ့ လွှတ်တော်ဥက္ကဌ ဖြစ်တဲ့အတွက် ကိုယ့်လူကို ကာကွယ်ရမယ်၊ ပါတီဥက္ကဌ ဖြစ်တဲ့အတွက် ကိုယ့်ပါတီကလူကို ကာကွယ်ရမယ် ဒီလိုမျိုး စဉ်းစားပြီး ဘယ်လိုလုပ်၊ ဘယ်လိုဖြေ ဒီလို စည်းဝါးကိုက်ထားတာလား။ စဉ်းစားစရာ သိပ်ကောင်းတယ် ထင်ပါတယ်" ဟု အမည်ထုတ်ဖော်ပြောကြားခြင်း မပြုသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။ ပါတီဥက္ကဌ၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအနေဖြင့် ထိုသို့ ဦးရွှေမောင်ကို ကာကွယ်ပေးခြင်းသည် ပါတီဝင် တစ်ဦးတစ်ယောက်၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို တစ်နိုင်ငံလုံး အမျိုးသားအကျိုးစီးပွားထက်ပိုမို ဦးစားပေးရာ ရောက်ရှိနေကြောင်း၊ ဦးရွှေမောင်၏ အယ်ဂျာဇီးယားနဲ့ အင်တာဗျူးတွင် နိုင်ငံက အသိအမှတ်မပြုသည့်(ရိုဟင်ဂျာ) ဆိုသည့် စကားလုံးသုံးပြီး (ရိုဟင်ဂျာ) များ ဖိနှိပ်ခံနေရကြောင်း မဟုတ်မတရားပြောကြားချက်များကို လွှတ်တော်ဥက္ကဌ ၊ ပါတီ ဥက္ကဌ တစ်ယောက်အနေဖြင့် မည်သို့မျှ ဟန့် တားခဲ့ခြင်း မရှိခဲ့သည့်အပြင် ယခုကဲ့သို့ နိုင်ငံနှင့်အစိုးရ သိက္ခာကျစေရန်၊ ပဋိပက္ခများ ဖြစ်စေရန် သွေးထိုးလှုံ့ ဆော်နေသော ဘင်္ဂါလီအမတ်ကို ကာကွယ်ပေးခြင်းသည် ဘင်္ဂါလီများနှင့် သူရဦးရွှေမန်းအကြား အပေးအယူ မရှိဘူး မပြောနိုင် ဟု သုံးသပ်ရကြောင်း အမည်မဖော်လိုသည့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။ "ရှင်းရှင်း ပြောရရင် Right To Recall ကို ကြံ့ခိုင်ရေး ကြောက်နေတာ၊ ပိတ်ထားတာ အဲဒီဘင်္ဂလီအမတ်တွေ ငြိုငြင်မှာကြောက်လို့ဗျ။ သူတို့က အတူတူတွေပဲ။ အခုလည်း သမ္မတက အရေးယူမယ် လုပ်တယ်။ ဦးရွှေမန်းက ကာဗာပေးတယ်။ စဉ်းစားကြည့်လေ ရဲက စစ်ဆေးတာ ဘာဖြစ်လို့ ကြံ့ခိုင်ရေး ပါတီရုံးမှာ စစ်ရသလဲ။ ဒါက ဦးရွှေမန်းကိုယ်တိုင် သူ့ပါတီက အမတ်ဖြစ်တဲ့ အတွက် သိက္ခာမထိခိုက်အောင် ပါတီရုံးချုပ်မှာ စစ်ဆေးဖို့ ပြည်ထဲရေးကို ပြောတယ် လို့ ကျွန်တော်တို့ သိရတယ်။ ဒီမှာကတည်းက ရှင်းနေပြီလေ။ ကြံ့ခိုင်ရေးပါတီက ဥက္ကဌကြီးကိုယ်တိုင် အကာအကွယ်ပေးထားတဲ့ ဒီအမှု ဘယ်လိုဇာတ်သိမ်းမလဲ စဉ်းစားစရာတောင် မလိုတော့ဘူး" ဟု တိုင်းရင်းသားပါတီတစ်ခုမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သော်လည်း နိုင်ငံသား မဟုတ်သဖြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် ဒေသခံပြည်သူများက တိုင်ကြားခဲ့သော်လည်း အဆိုပါ ဥပဒေကို ပြဌာန်းခြင်း မရှိသေးသဖြင့် အရေးမယူနိုင်ကြောင်း သိရသည်။ ယင်းဥပဒေမှာ လွှတ်တော်သက်တမ်းကုန်ဆုံးသည်အထိ ထွက်လာ ဖွယ်ရာ မရှိကြောင်း လွှတ်တော်ရုံးနှင့် နီးစပ်သူများက ပြောကြားခဲ့ဖူးသည်။ ပြည်သူ့အာဏာ
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌ...ာနက ကြံ့ခိုင်ရေးပါတီရုံးချုပ်တွင် စစ်ဆေးခဲ့ရာ အေးအေးဆေးဆေး ဖြစ်သွားပြီ ဖြစ်ကြောင်း ဦးရွှေမောင်က ထုတ်ဖော်ရေးသားလာခဲ့သည်။

ဦးရွှေမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သမ္မတ ဦးသိန်းစိန်၏ သ၀ဏ်လွှာ ရောက်ရှိလာပြီးနောက် ဦးရွှေမန်းက ဦးရွှေမောင်ကို (၂)ကြိမ်တိုင်တိုင် ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည့် ညွှန်ကြားချက်များ ပေးခဲ့ကြောင်း ဦးရွှေမောင်က ရေးသားဖော်ပြခဲ့သည်။ ၄င်းနောက် လွှတ်တော်အပြီး ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်၌ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှု ပြုလုပ်မည် ဖြစ်ကြောင်းလည်း ၄င်းက ဖော်ပြခဲ့သည်။

ဦးရွှေမောင်သည် အေးအေးဆေးဆေး သဘောမျိုးဖြင့် ဘာမှမဖြစ်ကြောင်း သတင်းစကားကို ယနေ့မွန်းလွဲပိုင်းတွင် ပြုံးနေသော ဓါတ်ပုံဖြင့် လူမှုကွန်ရက် စာမျက်နှာ၌ တင်လာခဲ့ရာ စုံစမ်းစစ်မေးမှုအခြေအနေများထက် စုံစမ်းစစ်မေးမှု မတိုင်မီ လှုပ်ရှားဆောင်ရွက်ချက်များက စိတ်ဝင်စားဖွယ်ရာ ကောင်းနေကြောင်း သိရှိရသည်။

ထိုသို့ လေ့လာသူများက ဦးရွှေမန်းအနေဖြင့် ဦးရွှေမောင်ကို (၂)ကြိမ်တိုင် ခေါ်ယူတွေ့ဆုံခြင်း၊ ညွှန်ကြားချက်များ ပေးသည် ဟု ဆိုထားခြင်း တို့ကြောင့် ယခင်အစိုးရလက်ထက် နံပတ်(၃)ခေါင်းဆောင်အနေ ဖြင့် မည်သို့သော ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးခဲ့ဖွယ် ရှိသည်ကို သိရှိလိုကြောင်း ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။

"ဦးရွှေမန်းက ပါတီ ဥက္ကဌ၊ ဦးရွှေမောင်က ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်။ ဒီတော့ သူတို့က တစ်ပါတီတည်းပဲ။ ဒီကိစ္စမှာ သမ္မတ သ၀ဏ်လွှာ ဆိုရင် လွှတ်တော်မှာ ဖတ်ပြရမှာ။ ဒါကိုလည်း ဖတ်ပြတာ မလုပ်ဘူး။ ပြီးတော့ ဦးရွှေမောင်နဲ့ နှစ်ကြိမ်တွေ့ဆုံပြီး ညွှန်ကြားချက် ပေးတယ် လို့ ရေးထားတယ် ဆိုတော့...စဉ်းစားစရာက ဘာတွေ ညွှန်ကြားတာလဲ။ နောက်တစ်ချက်က သူတို့ တွေ့ချိန်မှာ ဘယ်သူတွေ ပါသေးလဲ။ နှစ်ယောက်တည်းလား။ ဒါလည်း မရှင်းဘူး။ ဦးရွှေမန်းအနေနဲ့ လွှတ်တော်ဥက္ကဌ ဖြစ်တဲ့အတွက် ကိုယ့်လူကို ကာကွယ်ရမယ်၊ ပါတီဥက္ကဌ ဖြစ်တဲ့အတွက် ကိုယ့်ပါတီကလူကို ကာကွယ်ရမယ် ဒီလိုမျိုး စဉ်းစားပြီး ဘယ်လိုလုပ်၊ ဘယ်လိုဖြေ ဒီလို စည်းဝါးကိုက်ထားတာလား။ စဉ်းစားစရာ သိပ်ကောင်းတယ် ထင်ပါတယ်" ဟု အမည်ထုတ်ဖော်ပြောကြားခြင်း မပြုသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။

ပါတီဥက္ကဌ၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းအနေဖြင့် ထိုသို့ ဦးရွှေမောင်ကို ကာကွယ်ပေးခြင်းသည် ပါတီဝင် တစ်ဦးတစ်ယောက်၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို တစ်နိုင်ငံလုံး အမျိုးသားအကျိုးစီးပွားထက်ပိုမို ဦးစားပေးရာ ရောက်ရှိနေကြောင်း၊ ဦးရွှေမောင်၏ အယ်ဂျာဇီးယားနဲ့ အင်တာဗျူးတွင် နိုင်ငံက အသိအမှတ်မပြုသည့်(ရိုဟင်ဂျာ) ဆိုသည့် စကားလုံးသုံးပြီး (ရိုဟင်ဂျာ) များ ဖိနှိပ်ခံနေရကြောင်း မဟုတ်မတရားပြောကြားချက်များကို လွှတ်တော်ဥက္ကဌ ၊ ပါတီ ဥက္ကဌ တစ်ယောက်အနေဖြင့် မည်သို့မျှ ဟန့် တားခဲ့ခြင်း မရှိခဲ့သည့်အပြင် ယခုကဲ့သို့ နိုင်ငံနှင့်အစိုးရ သိက္ခာကျစေရန်၊ ပဋိပက္ခများ ဖြစ်စေရန် သွေးထိုးလှုံ့ ဆော်နေသော ဘင်္ဂါလီအမတ်ကို ကာကွယ်ပေးခြင်းသည် ဘင်္ဂါလီများနှင့် သူရဦးရွှေမန်းအကြား အပေးအယူ မရှိဘူး မပြောနိုင် ဟု သုံးသပ်ရကြောင်း အမည်မဖော်လိုသည့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

"ရှင်းရှင်း ပြောရရင် Right To Recall ကို ကြံ့ခိုင်ရေး ကြောက်နေတာ၊ ပိတ်ထားတာ အဲဒီဘင်္ဂလီအမတ်တွေ ငြိုငြင်မှာကြောက်လို့ဗျ။ သူတို့က အတူတူတွေပဲ။ အခုလည်း သမ္မတက အရေးယူမယ် လုပ်တယ်။ ဦးရွှေမန်းက ကာဗာပေးတယ်။ စဉ်းစားကြည့်လေ ရဲက စစ်ဆေးတာ ဘာဖြစ်လို့ ကြံ့ခိုင်ရေး ပါတီရုံးမှာ စစ်ရသလဲ။ ဒါက ဦးရွှေမန်းကိုယ်တိုင် သူ့ပါတီက အမတ်ဖြစ်တဲ့ အတွက် သိက္ခာမထိခိုက်အောင် ပါတီရုံးချုပ်မှာ စစ်ဆေးဖို့ ပြည်ထဲရေးကို ပြောတယ် လို့ ကျွန်တော်တို့ သိရတယ်။ ဒီမှာကတည်းက ရှင်းနေပြီလေ။ ကြံ့ခိုင်ရေးပါတီက ဥက္ကဌကြီးကိုယ်တိုင် အကာအကွယ်ပေးထားတဲ့ ဒီအမှု ဘယ်လိုဇာတ်သိမ်းမလဲ စဉ်းစားစရာတောင် မလိုတော့ဘူး" ဟု တိုင်းရင်းသားပါတီတစ်ခုမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သော်လည်း နိုင်ငံသား မဟုတ်သဖြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် ဒေသခံပြည်သူများက တိုင်ကြားခဲ့သော်လည်း အဆိုပါ ဥပဒေကို ပြဌာန်းခြင်း မရှိသေးသဖြင့် အရေးမယူနိုင်ကြောင်း သိရသည်။ ယင်းဥပဒေမှာ လွှတ်တော်သက်တမ်းကုန်ဆုံးသည်အထိ ထွက်လာ ဖွယ်ရာ မရှိကြောင်း လွှတ်တော်ရုံးနှင့် နီးစပ်သူများက ပြောကြားခဲ့ဖူးသည်။

No comments: