မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Wednesday, February 12, 2014

စမတ်ရိုင်ဖယ်များကို အသုံးပြုရန် အမေရိကန်စစ်တပ် စမ်းသပ်နေ


=========

အမေရိကန်စစ်တပ်က စမတ်ရိုင်ဖယ် ထုတ်လုပ်သည့် Tracking Point ကုမ္ပဏီမှ နည်းပညာမြင့် ရိုင်ဖယ် ခြောက်လက်ကို ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာ သွားခဲ့သည်။ မိမိတို့၏ ရည်မှန်းချက်မှာ ပစ်မှတ်၏ အရေးပါမှုကို စတင်ရှာဖွေလိုခြင်းနှင့် နည်းပညာများအသုံးပြုရန် ရည်မှန်းထားခြင်းတို့ဖြစ်ကြောင်း စစ်တပ်၏ ပရိုဂရမ် အမှုဆောင် အရာရှိ ပြောရေးဆိုခွင့်ရှိသူ Alton Stewart ပြောကြားခဲ့သည်။

Tracking Point ၏ နည်းပညာမြင့် ရိုင်ဖယ်များကို ပြီးခဲ့သည့်နှစ်က မိတ်ဆက် ပြသခဲ့ပြီး ၎င်းတွင် built-in ကွန် ပျူတာများ ပါဝင်ကြောင်းသိရှိရသည်။ ရိုင်ဖယ်အသုံးပြုသူ အနေဖြင့် ကိုက် ၂,၅၀၀ အကွာမှ ပစ်မှတ်များကို ပစ်ခတ် နိုင်စွမ်းရှိကာ ထိုအကွာအဝေးသည် ဘောလုံးကွင်း ၁၂ ကွင်းစာခန့်ရှိသည်။ စမတ်ရိုင်ဖယ်တွင် မောင်းဆွဲရာ၌ လမ်းညွှန်မှုပေးခြင်းနှင့် ခြေရာခံ မှန်ပြောင်းတို့ ကဲ့သို့ နည်းပညာများ ပါဝင်သောကြောင့် ရွေ့လျားနေသော ပစ်မှတ်များကို ခြေရာခံကာ ပစ်ခတ်နိုင်မည် ဖြစ်သည်။

စမတ်ရိုင်ဖယ် အသုံးပြုသူများသည် ပစ်မှတ်ကို tag လုပ်ပြီး မောင်းဆွဲလိုက်လျှင် ပစ်မှတ်အကွာ အဝေး၊ လေဖိအားနှင့် လေတိုက်အား စသည်တို့ကို တွက်ချက်ပေးကာ ပစ်ခတ်ရမည့် အချိန်ကို စမတ်ရိုင်ဖယ်က ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

Ref: CNET
စမတ်ရိုင်ဖယ်များကို အသုံးပြုရန် အမေရိကန်စစ်တပ် စမ်းသပ်နေ

No comments: