Tuesday, February 4, 2014

စစ်သားတိုင်းကို လူထု က ချစ်ခင်လေးစားချင်ကြ ပါက တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်

စစ်သား ရဲဘော်လေးတွေမှာလည်း သူတို့ ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာရှိပါတယ်။
အဆုံးထိ ပြောရမယ်ဆိုရင် ဒီနေ့ စစ်တပ်မှာ ရဲဘော်တွေ ထွက်ပြေးနေတာ ၊
ရဲဘော်တွေက တပ်ကို မချစ်တာ ဒီလို နိုင့်ထက်စီးနင်း ပြောဆိုတာတွေ ပြုမူတာတွေ
ကနေ စတာပါ။ စစ်တပ်ထဲမှာတောင်မှ ဒီလို အကျိုးအကြောင်းမဲ့ ရမ်းကား ရိုင်းစိုင်းစွာ
ပြောလို့ မရပါဘူး။ စစ်စည်းကမ်း အမိန့်ကို မနာခံရင် သူ့ စည်းမျဉ်းအတိုင်း အရေးယူ
လို့ရတယ်။ အမိန့် ညွှန်ကြားချက်ကို ရှင်းလင်းအောင်ပဲ ပြောပြ ညွှန်ကြား ရမယ်။
ဆဲ စရာ ရိုင်းစရာ မလိုဘူး။ အခုတော့ စစ်တပ် တစ်ခုလုံး မိုးမွှန်အောင် ဖြစ်နေတာ
အမျိုးသားရေး စရိုက်လက္ခဏာကြီးဖြစ်နေသလိုပါပဲ။ ဒါကော ကောင်းသလားဗျ။

အတွေးအမြင် မပွင့်လင်းသော စစ်သည် အရာရှိတစ်ယောက်က ပြောတယ်။ ကိုအုံးမြင့် ပြောနေတာ " စစ်သားတွေ မဟုတ်တော့ ပြဿနာဖြစ်သွားတာပေါ့ "
ဆိုတာလေး ဖတ်မိလို့ပါ။

စစ်သားတိုင်းကို လူထု က ချစ်ခင်လေးစားချင်ကြတာပါ။
သို့သော်.... လူထု နဲ့ စစ်တပ် တစ်သားတည်းဖြစ်အောင် အတွေးအမြင် နဲ့ ခံစားချက်တွေ တူညီမှ ဖြစ်မှာပေါ့ဗျာ။ ခင်ဗျားတို့ စစ်သည် လုပ်နေကြတာ ဘယ်သူ့အတွက်လဲ... တိုင်းပြည်အတွက်မဟုတ်လား။ တိုင်းပြည်ဆိုတာ ဘာလဲ...တိုင်းပြည်ဆိုတာ တိုင်းသူပြည်သားတွေ နဲ့ တိုင်းနိုင်ငံနယ်နိမိတ် လို့ အကြမ်းပြောရမယ်လေ။ ဒီထဲမှာ သက်ရှိ တိုင်းသူပြည်သားတွေ က ပိုအရေးကြီးပြီး သိပ်ကို လေးစားရမယ့် သက်ရှိလူသားတွေပါ။

စစ်သား ရဲဘော်လေးတွေမှာလည်း သူတို့ ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာရှိပါတယ်။
အရာရှိငယ်တွေကို အရာရှိလတ်တွေ ကို နှိပ်စက်ကလူ ဆဲဆိုနေတာ၊ အရာရှိလတ်တွေကို အရာရှိကြီးတွေက နိုင့်ထက်စီးနင်း ဟိန်းဟောက်နေတာ။ မိသားစုဝင်တွေက အစ အလုပ်အကျွေးပြုနေရတာ။ ဒါတွေ က အလေ့အထ ဖြစ်လာနေတာ Myanma Military
Culture ဖြစ်နေတာ ဝမ်းနည်းစရာပါ။ အားလုံး တိုင်းပြည်ကို ချစ်ကြပါတယ်။ လူအချင်းချင်း လေးစားမှုရှိဖို့ကလည်း အရေးကြီးပါတယ်။

မစို့မပို့ စားသောက်နေထိုင်ရတာထက် လူအချင်းချင်း နှိမ့်ချတာစော်ကားတာ ခံရတာကို လူတွေ လက်မခံနိုင်ကြပါဘူး။

တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဆိုတာ မှန်ပါတယ်။
တပ်မတော် က ရပ်တည်ချက် မှန်ကန်ဖို့ လူထုနဲ့ တိုင်းပြည်အတွက် လူထုရဲ့ စိတ်ဆန္ဒနဲ့ တစ်သားတည်းရှိဖို့လည်း လိုပါတယ်။

Yan Aung Kyaw

No comments: