Tuesday, February 4, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲ ကြေညာချက်ကို လာမယ့် သတင်းပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲ ကြေညာချက်ကို လာမယ့် သတင်းပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ စတဲ့ ခေါင်းဆောင်တွေဟာ ဒီနေ့ညနေက နေပြည်တော်မှာရှိတဲ့ စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။

ကြေညာချက် ထုတ်ပြန်မယ့်အကြောင်း ကိုဂျင်မီက အခုလို ပြောပါတယ်။

“အရေးကြီးတဲ့အသွင်ကူးပြောင်းရေးကာလမှာ ကျွန်တော်တို့ဒီထက်ပိုမိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အဓိကထားဆွေးနွေးခဲပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှေ့အပတ်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကြေညာချက်တစောင်ထုတ်ပြန်ပါမယ်။”

ဒါအပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ ရက်နေတုန်းကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံခဲ့ကြပါတယ်။

Credit : RFA

No comments: