Tuesday, February 11, 2014

မြန်မာနိုင်ငံ ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့လေကြောင်းနှင့် အမေရိကန်နိုင်ငံ GE Capital ရဲ့ လေကြောင်းငှားရမ်းမှုဆိုင်ရာ GECAS နဲ့ ဒေါ်လာ သန်းတစ်ထောင်နီးပါး တန်ကြေးရှိတဲ့ စာချုပ်ကို ဒီကနေ့ ချုပ်ဆို

၂၀၁၄ ခုနှစ် နိုင်ငံတကာ လေကြောင်းပြပွဲကို စင်ကာပူနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။

အဲဒီပွဲမှာ မြန်မာနိုင်ငံ ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့လေကြောင်းဟာ ဘိုးရင်း ၇၃၇ လေယဉ် ၁၀ စင်း ငှားရမ်းဖို့အတွက် အမေရိကန်နိုင်ငံ GE Capital ရဲ့ လေကြောင်းငှားရမ်းမှုဆိုင်ရာ GECAS နဲ့ ဒေါ်လာ သန်းတစ်ထောင်နီးပါး တန်ကြေးရှိတဲ့ စာချုပ်ကို ဒီကနေ့ ချုပ်ဆိုလိုက်တယ်လို့ ဆိုပါတယ်။

No comments: