Tuesday, February 11, 2014

ဂျာမဏီသမ္မတကတော် Swimming Doctors ဆေးကုသရေယာဉ်ရေချ.

ဂျာမဏီသမ္မတကတော် Swimming Doctors ဆေးကုသရေယာဉ်ရေချ
****************************************************
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နယ်လှည့်ဆေးကုသရေးရေယာဉ်အဖြစ်နဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးမယ့် Swimming Doctors 2 ရေယာဉ်ရေချပွဲကို ဖေဖော်ဝါရီ(၁၁)ရက်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ပါတယ် ။ မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ ဂျာမဏီနိုင်ငံသမ္မတခရီးစဉ်မှာ လိုက်ပါလာခဲ့တဲ့ သမ္မတကတော် Ms. Daniela Schadt က အခမ်းအနားတတ်ရောက်ပြီး ရှန်ပိန်ပုလင်းခွဲပြီးရေယာဉ်ရေချပေးခဲ့ပါတယ်။ အဆိုပါ Swimming Doctors ဆေးကုသရေယာဉ်ဟာ ဂျာမဏီနိုင်ငံကလျှုဒါန်းတာဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသမှာနယ်လှည့်ဆေးကုသမှုဝန်ဆောင်မှုပေးမှာဖြစ်ပြီး တန်ဖိုးကတော့ ကျပ် ၃၅၀,၀၀၀,၀၀၀ (ကျပ်သန်းသုံးရာငါးဆယ်)ဖြစ်ပါတယ်။

(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

Credit : ဧရာဝတီ

No comments: